တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) တည်ထောင်တဲ့ ၁၃ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို မိုးညှင်းမြို့မှာ ဒီကနေ့ မေလ ၁၀ နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားကို မိုးညှင်း၊ အင်တော်ကြီး၊ ဟိုပင်၊ မိုးကောင်း၊ ဝိုင်းမော် နဲ့ ဗန်းမော် စတဲ့ ဒေသတွေက ရှမ်းနီပါတီ ဝင်တွေ၊ ရှမ်းနီစာယဉ်အဖွဲ့တွေ နဲ့ ဖိတ်ကြားထားသူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး နဲ့ ပြည်သူလူထုအကျိုးကို ဆောင်ရွက်သွားဖို့ နဲ့ တိုင်းရင်သားလူမျိုးတွေ အကြား ဖိနှိပ်ချုပ်ချယ်မူ ကင်းပြီး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတွေ ရရှိဖို့ စတဲ့ မူဝါဒတွေနဲ့ လှုပ်ရှားနေတယ်လို့ သိရပါတယ်။


