Home ငြိမ်းချမ်းရေး ရှမ်းမြောက်မှာ EAO တွေအကြား နယ်မြေအငြင်းပွားမှု TNLA ဘာပြောလဲ

ရှမ်းမြောက်မှာ EAO တွေအကြား နယ်မြေအငြင်းပွားမှု TNLA ဘာပြောလဲ

by Homeland Author

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA-TNLA-MNDAA တို့ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြို့နယ်အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် TNLA၊ MNDAA တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်အတွင်းမှာ TNLA နဲ့ ကချင်တပ် -KIA အကြားလည်းကောင်း၊ TNLA နဲ့ ရှမ်းတပ်ဖွဲ့ – SSPP အကြားလည်းကောင်း၊ SSPP နဲ့ MNDAA အကြားလည်းကောင်း၊ MNDAA နဲ့ KIA အကြားလည်းကောင်း နယ်မြေအငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နယ်မြေအငြင်းပွားမှု၊ အုပ်ချုပ်ရေးအားပြိုင်မှုတွေကြောင့် ထိတွေ့ပစ်ခတ်မှု၊ ရိုက်နှက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ နယ်မြေအငြင်းပွားမှု၊ အုပ်ချုပ်ရေးအားပြိုင်မှုတွေနဲ့ ပတ်သက်လို့ TNLA မှ ဗိုလ်မှူးကြီး တားပန်လ က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

related posts

Leave a Comment