Home ငြိမ်းချမ်းရေး TNLA သိမ်းထားတဲ့ မြို့တွေကနေ စစ်ကောင်စီ ဆုတ်ခိုင်း၍ ဆွေးနွေးပွဲ မအောင်မြင်

TNLA သိမ်းထားတဲ့ မြို့တွေကနေ စစ်ကောင်စီ ဆုတ်ခိုင်း၍ ဆွေးနွေးပွဲ မအောင်မြင်

by Homeland Author

တအာင်းတပ် (TNLA) သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကနေ ၎င်းတို့ တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက ဆုတ်ခိုင်းတာကြောင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ရှေ့ဆက်မရဘဲ ပြီးဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ ပြီးခဲ့တဲ့ ဧပြီ ၂၈၊ ၂၉ ရက်တွေမှာ ကူမင်းမြို့မှာ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ TNLA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ စစ်ကောင်စီက TNLA သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန် နဲ့ မန်တုံမြိုနယ်အတွင်းက TNLA တပ်ဖွဲ့ အားလုံး ပြန်လည်ဆုတ်ခွါဖို့ တောင်းဆိုချက်ကို TNLA ကိုယ်စားလှယ်တွေက သဘောမတူနိုင်တာကြောင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် လာမယ့်ဩဂုတ်လမှာ စစ်ကောင်စီနဲ့ TNLA တို့ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ လေကြောင်းမှ ဗုံးကြဲတာ၊ လက်နက်ကြီးတွေ ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာစတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအားလုံးရပ်တန့်ဖို့၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ကိုးကန့်တပ်ဖွဲ MNDAA ကဲ့သို့ တဆင့်တိုး အပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ဖို့အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြုကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုတွေ အလျင်အမြန်တိုးတက်လာစေဖို့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီ နဲ့ TNLA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။

related posts

Leave a Comment