Home နိုင်ငံရေး ထိုင်းမှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးဟာ မိမိတို့ KNLA နဲ့ ပတ်သက်မှု မရှိဟု ပြော

ထိုင်းမှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးဟာ မိမိတို့ KNLA နဲ့ ပတ်သက်မှု မရှိဟု ပြော

by Homeland Author

ထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာ မိမိတို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပတ်သက်မှု မရှိဘူးလို့ ထုတ်ပြန်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်းဖက်ခြမ်း မဲဆောက်မြို့မှ ကုန်တင်ကားနဲ့ တင်ဆောင်သွားတဲ့ စိတ်ကြွဆေးပြား ၁၈ သန်း နဲ့ မူးယစ်ဆေးဝါးတွေကို နခွန်စဝမ်မြို့မှာ မတ်လ ၂၁ ရက်က ဖမ်းမိခဲ့တာပါ။

မူးယစ်ဆေးဝါး ထုတ်လုပ်တာ၊ ဖြန့်ဖြူးတာ၊ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းတွေကို နိုင်ငံတကာက ဆန့်ကျင်ရှုတ်ချတာနဲ့အမျှ မိမိတို့ KNU/KNLA ကလည်း မိမိတို့ မူလမ်းစဉ်အရ လုံးဝအားပေး ထောက်ခံခြင်း မရှိဘဲ နိုင်ငံတကာနဲ့အတူ ဆန့်ကျင့်ရှုတ်ချတယ်လို့ ဆိုပါတယ်။

မိမိတို့ KNLA ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံရေးဦးဆောင်မှုကို အမြဲခံယူ ကျင့်သုံးနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မိမိတို့ KNU/KNLA ဟာ တော်လှန်ရေး သမိုင်းတစ်လျှောက် မူးယစ်ဆေးဝါးနဲ့ ပတ်သက်၍ ကင်းရှင်းစွာနေလာခဲ့ကြောင်း၊ မိမိတို့ အုပ်ချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်၍ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သူတွေကို အဖွဲ့အစည်းရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းမိတဲ့ မူးယစ်ဆေးဝါးဟာ စိတ်ကြွဆေးပြား ၁၈ သန်း၊ (ICE) ရေခဲမူးယစ်ဆေး ၇၅၀ ကီလိုဂရမ် နဲ့ Ketamine ၃၀၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့တာပါ။

အလားတူ မတ်လ ၂၅ ရက်နေ့ကလည်း မဲဆောက်ကနေ မြန်မာဖက်ခြမ်းကို ပို့ဆောင်မယ်လို့ ယူဆရတဲ့ မူးယစ်ကုန်ကြမ်း ဓါတုဆေးဝါးတွေ ပိုင်ရှင်မဲ့ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment