Home နိုင်ငံရေး မိုင်းရှူးမြို့နယ်မှာ တရားမဝင်ငွေလိမ်ဂိုဏ်းတစ်ခုကို SSPP ဖမ်းဆီး

မိုင်းရှူးမြို့နယ်မှာ တရားမဝင်ငွေလိမ်ဂိုဏ်းတစ်ခုကို SSPP ဖမ်းဆီး

by Homeland Author

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဝင်ရောက်ဖမ်းဆီးရာ တရားမဝင်တရုတ်နိုင်ငံသား အချို့ နဲ့ ငွေလိမ်လုပ်ငန်း ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မိုင်းရှူးမြို့နယ် မန်ကျောင်းကျေးရွာအုပ်စု တောတွင်းတစ်နေရာမှာ တရားမဝင် ကျားဖြန့် ငွေလိမ်ဂိုဏ်းတစ်စု ရောက်ရှိနေကြောင်း သတင်းရရှိ ၍ မတ်လ ၂၃ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တရားမဝင် တရုတ်နိုင်ငံသား အချို့ နဲ့ ဆက်စပ် ပစ္စည်းတွေဖြစ်တဲ့ ဖုန်းမျိုးစုံ၊ I Pad၊ ကွန်ပျုတာမျိုးစုံတို့ ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကို သက်ဆိုင်ရာ တရုတ်နိုင်ငံသို့ ပြန်လည်လွဲပြောင်းပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

SSPP အုပ်ချုပ်ရေးနယ်မြေမှာ ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို အဖွဲ့လိုက်ဖြစ်စေ တစ်ဦးချင်းစီ ဖြစ်စေ လက်ခံထားရှိခြင်းမပြုဖို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလမှာ အမိန့်ထုတ်ပြန်ထားပြီဖြစ်ရာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပါဝင်ပါတ်သက်ကြောင်းသိရှိပါက ဖမ်းဆီး အရေးယူသွားမယ်လို့ ဆိုပါတယ်။

related posts

Leave a Comment