ရှမ်းနီအမျိုးသားများ တပ်မတော် – SNA က ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောင်မှုတွေ ပေးနိုင်ဖို့အတွက် ဗဟိုတပ်ဆေးရုံနဲ့ ဆေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်က ကျင်းပခဲ့တယ်လို့ သိရပါတယ်။
SNA တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေ ဗန်းမောက်မြို့နယ်အတွင်း ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ဆရာတော်သံဃာတော်တို့ရဲ့ ဩဝါဒခံယူတာ၊ ဆေးရုံအန္တရာယ်ကင်း ပရိတ်တရားနာယူတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “အရင်တုန်းက SNA ထိန်းချုပ်နယ်ထဲက ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ ကျေးလက်ဆေးပေးခန်းဖွင့်ပြီး အခမဲ့ ဆေးကုသပေးနေတာ၊ အခုက ဗဟိုတပ် ဆေးရုံကြီး ဖွင့်လှစ်နိုင်တာပေါ့” လို့ ပြောပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူလူထုတွေဟာ ကျန်းမာရေး စောင့်ရှောင်မှုတွေ လိုအပ်လျက်ရှိနေတာ ဖြစ်ပြီး အဆိုပါ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ SNA က ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
အဆိုပါ ဗဟိုတပ်ဆေးရုံးကြီး ဖွင့်လှစ်နိုင်ခြင်းကြောင့် ပြည်သူလူထုတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပိုမို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


