စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ် စစ်ဘေးသင့် ကြောင်လည် နဲ့ ပင်းခါး ကျေးရွာသားတွေကို မံစီကြီးဒေစိတ် သျှမ်းနီစာပေနှင့်ရိုးရာယဥ်ကျေးမှုအဖွဲ့က ငွေသား နဲ့ စားနပ်ရိက္ခာတွေ မနေ့က သွားရောက် ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ငွေကျပ် သိန်း ၁၂၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ဆပ်ပြာမှုန့် နဲ့ အဝတ်အစားတွေကို မံစီကြီးဒေစိတ် သျှမ်းနီစာပေနှင့်ရိုးရာယဥ်ကျေးမှုအဖွဲ့က သွားရောက် ထောက်ပံ့ကူညီခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်က ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ကြောင်လည်၊ ပင်းခါးကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ထို့နောက် ဇန်နဝါရီ ၃၀ ရက်မှာ ကြောင်လည်ကျေးရွာ နဲ့ ပင်းခါးကျေးရွာက ကျေးရွာသူ/ရွာသား ၇၀၀ ကျော်ကို KIA/PDF တို့က အခြားဒေသသို့ ပို့ဆောင်လိုက်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ညနေ ၆ နာရီဝန်းကျင်မှာ KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့က ကြောင်လည်၊ ပင်းခါးကနေ ပြည်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
KIA/PDF တို့ ခေါ်ဆောင်သွားစဉ် တောထဲ ဟင်းရှာနေသူ နဲ့ အခြားဒေသကို အလုပ်သွားရောက် လုပ်ကိုင်နေသူအချို့သာ ကြောင်လည်၊ ပင်းခါးရွာအတွင်း ပြန်လည်ဝင်ရောက်နိုင်သေးတယ်လို့ သိရပါတယ်။
ရွာအတွင်း ပြန်လည်ဝင်ရောက်လာခဲ့သူတွေကို မံစီကြီးဒေစိတ် သျှမ်းနီစာပေနှင့်ရိုးရာယဥ်ကျေးမှုအဖွဲ့က စားနပ်ရိက္ခတွေ ကူညီပေးခဲ့တာလို့ သိရပါတယ်။
အလားတူ မံစီကြီးဆေးရုံတက်နေတဲ့ ဒေသခံပြည်သူတွေကိုလည်း စားနပ်ရိက္ခာ နဲ့ ငွေသားတွေ သွားရောက်ထောက်ပံ့ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။










