Home နိုင်ငံရေး ရှမ်းနီအမျိုးသားနေ့ကို SNA ထိန်းချုပ်နယ်မြေမှာ ကျင်းပ

ရှမ်းနီအမျိုးသားနေ့ကို SNA ထိန်းချုပ်နယ်မြေမှာ ကျင်းပ

by Homeland Author

ရှမ်းနီအမျိုးသားနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ နယ်အတွင်းရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ထိန်းချုပ်ထားတဲ့ လွတ်မြောက် နယ်မြေတစ်နေရာမှာ ၄၉၆ နှစ်မြောက်(သတ္တမအကြိမ်) အဖြစ်၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ရှမ်းနီနွယ်ဖွား အမျိုးသားထု တစ်ရပ်လုံးရဲ့ ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေဖို့၊ စည်းလုံး ညီညွတ်ရေး၊ ရှမ်းနီအမျိုးသားလူထု တိုးတက်ဖွံ့ဖြိုးရေးတို့ ပေါ်ပေါက်ဖြစ်ထွန်းစေဖို့ ရည်ရွယ်ပြီး ရှမ်းနီအမျိုးသားနေ့ကို အမျိုးသား အထိမ်းအမှတ်နေ့အဖြစ် ပြုလုပ်ကြတာလို့ သိရပါတယ်။

ရှမ်းနီတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ နိုင်ငံမြို့ပြအင်ပါယာအပြင် အခြားသော အောင်မြင်မှုတွေကို တည်ဆောက်နိုင်ခဲ့တဲ့ ရှမ်းနှစ် ၁၆၂၁ ခုနှစ်၊ မြန်မာ သက္ကရာဇ် ၈၈၈ ခုနှစ်၊ ခရစ်နှစ် ၁၅၂၇ ခုနှစ် မတ်လ ၁၃ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ ကြတာလည်း ဖြစ်ပါတယ်။
Photo – CNI

related posts

Leave a Comment