Home » ကျောက်မဲမှာ စစ်တပ် နဲ့ SSPP တိုက်ပွဲဖြစ်ပွား

ကျောက်မဲမှာ စစ်တပ် နဲ့ SSPP တိုက်ပွဲဖြစ်ပွား

by Homeland Author

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်တပ် နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား ဒီနေ့ မနက် ၁၁ နာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်းရှိ ပုံဝိုးကျေးရွာအနီးရှိ SSPP တပ်စခန်းကို စစ်တပ်ရဲ့ ခမရ(၁၁၅) အင်အား ၁၀၀ ဝန်းကျင်ခန့်က ထိုးစစ်ဆင်ဝင်ရောက်လာပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း SSPP က ထုတ်ပြန်ပါတယ်။

စစ်တပ် နဲ့ SSPP တို့ရဲ့ တိုက်ပွဲမှာ ၁ နာရီကျော်အကြာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေ ရှိမရှိကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်တပ်ဖက်က ပုံဝိုးကျေးရွာ ၊ ကွမ်ဟင်ကျေးရွာ ၊ တော်လေကျေးရွာ နဲ့ လေလွယ်ကျေးရွာတို့မှာ စစ်အင်အားဖြည့်တင်းနေတာကြောင့် နှစ်ဘက်စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေးရွာအုပ်စု အနီးမှာရှိတဲ့ SSPP တပ်စခန်းကို စစ်တပ်ဖက်က အင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။

related posts

Leave a Comment