Home စစ်ရေး ဗန်းမောက်မြို့ကို SNA အလုံးစုံ ထိန်းချုပ်

ဗန်းမောက်မြို့ကို SNA အလုံးစုံ ထိန်းချုပ်

by Homeland Author

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့ကို ဒီနေ့ ဖေဖော်ဝါရီ ၈ ရက် နေ့လည်ပိုင်းကစ၍ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တို့က အလုံးစုံ ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဗန်းမောက်မြို့ အားလုံးနီးပါးကို SNA နဲ့ လုံခြုံရေးတပ်ဖွဲ့တို့က ထိန်းချုပ်နိုင်ခဲ့ပြီး ရပ်ကွက်တစ်ခုသာ ကျန်ရှိတော့ကြောင်း လက်ရှိမှာ ဗန်းမောက်မြို့အလုံးစုံကို ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံတပ်ဖွဲ့တွေဟာ ရှမ်းနီအမျိုးသားများ တပ်မတော် – SNA ထိိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

KIA ပူးပေါင်းအဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဗန်းမောက်မြို့ခံအများအပြား နဲ့ ကျေးရွာပြည်သူလူထုတို့ မြို့ရဲ့ အနောက်ခြမ်း SNA ထိန်းချုပ်ဒေသသို့ သွားရောက်တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

အဲဒီနောက် SNA ဘက်က အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ဗန်းမောက်မြို့အပါအဝင် နေရာအများအပြားကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။

related posts

Leave a Comment