Home စစ်ရေး ဗန်းမောက်မြို့ ပျက်စီးမှု မြင်ကွင်း

ဗန်းမောက်မြို့ ပျက်စီးမှု မြင်ကွင်း

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့မှာ မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြို့အတွင်း ပျက်စီးမှုအခြေအနေတွေကို မြင်တွေ့ရတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံတပ်ဖွဲ့တွေဟာ ရှမ်းနီအမျိုးသားများ တပ်မတော် – SNA ထိိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း ဗန်းမောက်မြို့ပေါ်မှာ SNA နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပြီး နေရာအများစုကို SNA က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။ KIA နဲ့ ပူးပေါင်းအဖွဲ့တွေ ပြန်လည်ဆုတ်ခွာချိန်မှာလည်း နေရာအချို့ကို မီးရှို့သွားတယ်လို့ SNA ရဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

KIA နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲကြောင့် မြို့ခံပြည်သူလူထုအများအပြားအပါအဝင် မြို့အနီးရှိ ကျေးရွာဒေသခံတွေကလည်း မြို့ရဲ့ အနောက်ဘက်ခြမ်း၊ တောင်ဘက်အခြမ်း စသဖြင့် နီးစပ်ရာတိမ်းရှောင်ခဲ့ကြရပါတယ်။

လက်ရှိမှာလည်း ဒေသခံအများစု လုံခြုံရေးအခြေအနေတွေကြောင့် နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းတွေမှာ ဆက်လက်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင် စတာတွေ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment