Home စစ်ရေး နာဂလက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုအကြား စစ်ရေးပိုမိုတင်းမာလာ

နာဂလက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုအကြား စစ်ရေးပိုမိုတင်းမာလာ

by Homeland Author

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်အကြား အခြေပြု လှုပ်ရှားနေတဲ့ နာဂလက်နက်ကိုင်တပ်ဖွဲ့နှစ်ခုဖြစ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)တို့အကြား နှစ်ဖက်စစ်ရေးတင်းမာမှု ပိုမိုဖြစ်ပေါ်လာနေတယ်လို့ သိရပါတယ်။

အခုလ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ အိန္ဒိယ – မြန်မာနယ်စပ်မှာရှိတဲ့ ပန်ဆောင်ဒေသကို NSCN-K/AM က အခြေစိုက်လှုပ်ရှားလာခဲ့ပြီးနောက် နာဂလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖြစ်တဲ့ NSCN-K/AM နဲ့ NSCN-K/YA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာခဲ့တာပဲ ဖြစ်ပါတယ်။

အလားတူ ဇန်နဝါရီ ၉ ရက်နေ့က ပန်ဆောင်မြို့နယ် ခမ္မတိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ NSCN-K/AM အဖွဲ့ကို NSCN-K/YA က တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

အဲဒီ တိုက်ပွဲဖြစ်ပွားအတွင်းမှာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) ဖက်က ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိခဲ့ပါတယ်။

ထိုတိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ဇန်နဝါရီ ၁၂ ရက် မနက် ၆ နာရီအချိန် တကား နဲ့ နမ်ဖာကြား (၁၈) မိုင်နေရာရှိ NSCN-K/YA စခန်းကို NSCN-K/AM က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

NSCN-K/AM အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးကို မြှင့်တင်ဖို့ ရည်ရွယ်၍ NSCN-K/YA အဖွဲ့ဝင် အများအပြားကို ဖမ်းဆီးထားခြင်းမှာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ သို့သော်လည်း NSCN-K/YA အဖွဲ့က ရန်လိုတဲ့အပြုအမှုတွေနဲ့ တုံ့ပြန်လာခဲ့တယ်လို့ NSCN-K/AM အဖွဲ့က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

နာဂလက်နက်ကိုင်တပ်ဖွဲ့ NSCN-K/AM နဲ့ NSCN-K/YA တို့ဟာ နယ်မြေစိုးမိုးရေး၊ အခွန်ကောက်ဂိတ် ဖွင့်လှစ်နိုင်ရေးတို့နဲ့ ပတ်သက်၍ အငြင်းပွားမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး နှစ်ဖက်စစ်ရေးပိုမိုတင်းမာလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

related posts

Leave a Comment