Home စစ်ရေး စစ်တပ်က ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး

စစ်တပ်က ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကောလင်းမြို့နယ်အတွင်း စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးကာ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ ဒေသတွင်းက နယ်မြေတွေကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ ဝန်းသိုမြို့နယ်ဘက်မှ စစ်ကြောင်းတွေ ကောလင်းမြို့နယ်သို့ ဝင်ရောက်လာပြီး ချဉ်ပြစ်ခုံ၊ တောင်မော် စတဲ့ ကျေးရွာအနီးတွေမှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူပေါင်းတပ်တွေ နဲ့ ထိတွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

စစ်တပ် စစ်ကြောင်းတွေ ဝင်ရောက်လာချိန်မှာ KIA ပူပေါင်းတပ်တွေက ဒေသခံတွေရဲ့ကူးသန်းသွားလာမှုတွေကို ကန့်သတ်ထားပြီး ဈေးဆိုင်တန်းတွေကိုလည်း ပိတ်ပင်ခိုင်းထားတယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကို Kawlin Revolution – KR မှလည်း သတိပေးထုတ်ပြန်ထားပါတယ်။

ဝန်းသိုမြို့နယ်မှာ ကောလင်းမြို့နယ်ဘက် ထွက်လာတဲ့ စစ်တပ် စစ်ကြောင်း အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်တာကြောင့် တော်လှန်ရေးအင်အားစုဖက်က သေဆုံးမှုတွေလည်း ရှီနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်တပ် စစ်ကြောင်းတွေက ကောလင်းမြို့နယ် အရှေ့ဘက်ဒေသမှာ ဆက်လက်လှုပ်ရှားနေပြီး ဒေသအတွင်း စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်ကြောင်း သိရပါတယ်။

ကောလင်းမြို့ဟာ KIA ပူပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ်မှာ ပထမဆုံးထိန်းချုပ်နိုင်ခဲ့တဲ့ မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ကျေးလက်ဒေသတွေမှာတော့ KIA ပူးပေါင်းတပ်ဖွဲ့တွေ လှုပ်ရှားနေဆဲဖြစ်ပါတယ်။

related posts

Leave a Comment