Home စစ်ရေး စဥ့်ကူး၊ သပိတ်ကျင်းမြို့နယ်တစ်ခုလုံး ပြန်ရရေး စစ်တပ်ထိုးစစ်ဆင်

စဥ့်ကူး၊ သပိတ်ကျင်းမြို့နယ်တစ်ခုလုံး ပြန်ရရေး စစ်တပ်ထိုးစစ်ဆင်

by Homeland Author

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့ကို ပြန်ရပြီးနောက် စစ်တပ်ဟာ စဥ့်ကူးမြို့ နဲ့ ကျောက်မြောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတားကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

ဒီဇင်ဘာ ၂၂ ရက်မှာ မန္တလေးတိုင်း စဥ့်ကူးနဲ့ စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တဲ့ ရတနာသိင်္ခတံတားဟာ အောက်တိုဘာ ၂၉ ရက်မှာ တော်လှန်ရေးတပ်တွေဘက်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်စွပ်စွဲထားပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ စဥ့်ကူးမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တစ်ခုလုံး ပြန်လည်ရရေး ဆက်လက်ထိုးစစ်ဆင်နေတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စဥ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာမြို့နယ်အားလုံးနီးပါး စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့သလို တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုအရ မိုးကုတ်၊ မိုးမိတ်မြို့တွေကိုလည်း တအာင်းတပ် (TNLA) က စစ်တပ်ထံ ပြန်လည်လွှဲပြောင်းခဲ့ပါတယ်။

လက်ရှိမှာလည်း မိုးမိတ်မြို့နယ်အတွင်းမှာ စစ်တပ် နဲ့ တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment