Home စစ်ရေး စစ်တပ်ထိုးစစ် အစွမ်းကုန် ကာကွယ်မယ်လို့ မန္တလေး PDF ပြော

စစ်တပ်ထိုးစစ် အစွမ်းကုန် ကာကွယ်မယ်လို့ မန္တလေး PDF ပြော

by Homeland Author

စစ်တပ်ရဲ့ ထိုးစစ်ကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆက်လက်ခုခံကာကွယ်သွားမယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) က ပြောပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ဆောင်ရွက်လျက်ရှိနေပြီး အဲဒီမတိုင်မီ သာလွန်အင်အားကို အသုံးပြု၍ မိမိတို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

MDY-PDF ရဲ့ လှုပ်ရှားစိုးမိုးရာ နယ်မြေတွေဖြစ်တဲ့ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ် နဲ့ သပိတ်ကျင်းမြို့နယ်တို့မှာလည်း စစ်အုပ်စုက ရွေးကောက်ပွဲ ပြုလုပ်ဖို့ လျာထားတဲ့ မြို့နယ်စာရင်းမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အခါမှာ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ် နဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ တနေ့ထက်တနေ့ စစ်ရေးတိုက်ပွဲတွေ ပိုမိုပြင်ထန်းလာနေတယ်လို့ MDY-PDF ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် အဆိုပါဒေသတွင်းနေ ပြည်သူလူထုအနေဖြင့် တိုက်ပွဲတွင်း ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး ကြိုတင်ပြင်ဆင်ကြဖို့၊ ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက် လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ထားကြပါဖို့ MDY-PDF က တိုက်တွန်းထားပါတယ်။

အလားတူ မိမိတို့ MDY-PDF ဟာလည်း လက်ရှိထိုးစစ်ကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆက်လက် ခုခံကာကွယ်သွားမှာဖြစ်ပြီး ပြည်သူ့တော်လှန်ရေးကြီးရဲ့ အဆုံးသတ်ပန်းတိုင်ကို ရောက်တဲ့ထိ မဆုတ်မနစ် ဆက်လက်ချီတက်သွားမယ့်အကြောင်း ပြည်သူလူထုထံသို့ အသိပေး တင်ပြအပ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်၊ ၂၈ ရက်တို့မှာ တရုတ်ကြားဝင်မှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ၉ ကြိမ်မြောက်အဖြစ် တွေ့ဆုံပြီး TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ မိုးမိတ်မြို့တို့မှ ပြန်လည် ဆုတ်ခွာဖို့ စစ်တပ် နဲ့ TNLA တို့ သဘောတူညီခဲ့ကြသော်လည်း ရရှိထားသည့် ထိန်းချုပ်နယ်မြေတွေကို မဟာမိတ်တွေနဲ့ ဆက်လက်ထိန်းချုပ်သွားမှာဖြစ်ကြောင်း MDY-PDF ထုတ်ပြန်ထားပါတယ်။

related posts

Leave a Comment