Home စစ်ရေး ဗန်းမောက်မြို့နယ် ခိုပြင်၊ ညောင်သာယာတိုက်ပွဲ KIA/PDF ၇ ဦး သေဆုံး

ဗန်းမောက်မြို့နယ် ခိုပြင်၊ ညောင်သာယာတိုက်ပွဲ KIA/PDF ၇ ဦး သေဆုံး

by Homeland Author

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့ အနောက်ခြမ်းရှိ ခိုပြင်၊ ညောင်သာယာကျေးရွာမှာ စက်တင်ဘာ ၂၉ ရက်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း ကချင်လက်နက်ကိုင်အဖွဲ့ – KIA/PDF က ၇ ဦး သေဆုံးတယ်လို့ သိရပါတယ်။

ခိုပြင်ကျေးရွာ နဲ့ ညောင်သာယာကျေးရွာတို့မှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ KIA/PDF တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဖက်မှ အလောင်း ၇ လောင်း၊ သေနတ် ၅ လက် ရရှိတယ်လို့ SNA ရဲ့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“KIA/PDF အဖွဲ့ကို SNA လုံခြုံရေး စစ်ကြောင်းတွေ အောက်တိုဘာ ၂ ရက်နေ့က ရှင်းလင်းမှုပြုလုပ်ခဲ့တယ်။ ရန်သူ့အလောင်း ၇ လောင်း၊ လက်နက် ၅ လက်ရတယ်၊ ခိုပြင်၊ ပင်းမန၊ ပင်ဟင်းခါး တာဝါတိုင်ကုန်း ပြန်ရတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ မဖြစ်ပွားခင်က ခိုပြင်၊ ပင်းမန၊ ညောင်သာယာကျေးရွာက သက်ကြီးရွယ်အို၊ ကလေးသူငယ် နဲ့ အိမ်ထောင်သည်ကလွဲ၍ ကတူးလူငယ်တွေကို KIA/PDF တွေက ခေါ်သွားကြောင်း သိပါတယ်။

စက်တင်ဘာ ၂၉ ရက်က SNA နဲ့ KIA/PDF တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွား အဆိုပါ ခိုပြင်၊ ပင်းမန၊ ညောင်သာယာကျေးရွာတွေကို SNA က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် ကျေးရွာအတွင်း ကျန်ရှိနေတဲ့ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေ နဲ့ အိမ်ထောင်သည်တွေကို ဘေးကင်းရာသို့ SNA က ရွေ့ပြောင်းပေးထားရပြီး ကျန်းမာရေး စောင့်ရှောက်မှု၊ နေရာထိုင်ခင်း၊ စားဝတ်နေရေးတွေလည်း ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

related posts

Leave a Comment