Home စစ်ရေး နှစ် ၈၀ ပြည့်မှာ တရုတ်ပြသခဲ့တဲ့ စစ်ရေးလက်နက်တွေက ဘာတွေလဲ

နှစ် ၈၀ ပြည့်မှာ တရုတ်ပြသခဲ့တဲ့ စစ်ရေးလက်နက်တွေက ဘာတွေလဲ

by Homeland Author

တရုတ်နိုင်ငံ ဘေကျင်းမှာပြုလုပ်ခဲ့တဲ့ နှစ် ၈၀ ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ သမ္မတရှီကျင့်ဖျင်က စစ်ရေးလက်နက်တွေနဲ့ အခမ်းအနားပြသခဲ့ပါတယ်။

စစ်ရေးပြအခမ်းအနားမှာ တရုတ်နိုင်ငံရဲ့ လေကြောင်း၊ ရေကြောင်းမှ ပစ်လွှတ်နိုင်တဲ့ နျူကလီးယား ဒုံးကျည်သုံးစင်းကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပါတယ်။

အဆိုပါ လက်နက်တွေဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ‘အေ့စ်’ ပါဝါဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။

JingLei-1 ဝေဟင်အခြေစိုက် တာဝေးပစ်ဒုံးကျည်၊ JuLang-3 ရေငုပ်သင်္ဘောမှ ပစ်လွှတ်တဲ့ တိုက်ချင်းပစ်ဒုံးပျံ၊ DongFeng-61 မြေပြင်အခြေစိုက် တိုက်ချင်းပစ်ဒုံးကျည်နဲ့ DongFeng-31 မြေပြင်အခြေစိုက် တိုက်ချင်းပစ်ဒုံးကျည်အသစ်တို့ ပါဝင်ပါတယ်။

တီယန်မင်ရင်ပြင်ကို ပျံသန်းခဲ့တဲ့နိုင်ငံရဲ့ မဟာဗျူဟာမြောက် H-6N ဗုံးကြဲလေယာဉ်တွေဖြစ်ပြီး H-6K နဲ့ H-6J ဗုံးကြဲလေယာဉ်တွေဟာ ချီတက်ပွဲမှာ ထင်ထင်ရှားရှားပြသခဲ့ပါတယ်။

အဆိုပါ ဗုံးကြဲလေယာဉ်တွေကတော့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ လေကြောင်းအခြေစိုက် တာဝေးပစ် တိုက်ခိုက်ရေးတပ်ဖွဲ့တွေဖြစ်ပါတယ်။

လေကြောင်းလိုင်း အခြေပြု တိုက်လေယာဉ် လေးမျိုးဖြစ်တဲ့ J-15DH၊ J-15DT၊ J-35 နဲ့ J-15T အမျိုးအစားတွေဟာ V-ပုံစံ နှစ်ခုနဲ့ ရင်ပြင်ပေါ်ကနေ ပျံသန်းပြသလို J-16 ဂျက်တိုက်လေယာဉ်တွေနဲ့ J-15T တိုက်လေယာဉ်တွေဟာလည်း ပျံသန်းပြသခဲ့ပါတယ်။

မောင်းသူမဲ့ ရန်သူ့လေယာဉ်တွေကို ဖြိုခွင်းဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဒရုန်းတွေနဲ့ လေဆာတွေအပါအဝင် အခြားသော လက်နက်အမြောက်အမြားကိုလည်း ပြသခဲ့တာဖြစ်ပါတယ်။

အသံထက်မြန်တဲ့ ဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေ၊ မောင်းသူမဲ့ ရေအောက်ယာဉ် အမျိုးအစားသစ်တွေ၊ အီလက်ထရွန်နစ် တန်ပြန်ဆောင်ရွက်မှုတွေနဲ့ ဆိုက်ဘာစစ်ဆင်ရေး ကိရိယာတွေလည်းပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် မောင်းသူမဲ့လေယာဉ်တွေကိုလည်း ပြသခဲ့ပြီး အားကောင်းမောင်းသန် မောင်းသူမဲ့ ဝေဟင်ယာဉ်(UAV) စနစ်သုံးမျိုးမှာ UAV ဆန့်ကျင်ရေး ဒုံးကျည်သေနတ်ပေါင်းစပ်စနစ်၊ စွမ်းအင်မြင့် လေဆာလက်နက်များနဲ့ စွမ်းအားမြင့် မိုက်ခရိုဝေ့ဖ်လက်နက်များ လည်းပါဝင်ပါတယ်။

related posts

Leave a Comment