အာရက္ခတပ်တော် (AA) ရဲ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားတဲ့ “သူပုန်ဖြူ ကဗျာစာအုပ်” လေလံပြိုင်ပွဲဲဲဲဲ အမေရိကန်ဒေါ်လာ လေးသောင်းအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မှာ ပြုလုပ်တဲ့ အွန်လိုင်းလေလံဆွဲပွဲမှာ AA ၏ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ကိုယ်တိုင်လေလံဆွဲပြိုင်ပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး 01109 စာအုပ်ပိုင်ရှင်က အမြင့်ဆုံးဈေးပေး၍ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သူပုန်ဖြူစာအုပ်ကို အုပ်ရေ ၁၄၀၀၀ ထုတ်ခဲ့ပြီး ယခုနှစ် မေလ တတိယ အပတ်က စတင်ရောင်းချခဲ့ကာ ကဗျာစာအုပ်ကို ပုံမှန်ဈေးနှုန်း မြန်မာကျပ်ငွေ ၇ သောင်းနဲ့အထက် ပေး၍ ဝယ်ယူအားပေးခဲ့ကြောင်း ဆိုပါတယ်။
သူပုန်ဖြူစာအုပ် ရောင်းရငွေရဲ့ ၃၅ ရာခိုင်နှုန်းကို အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့သွားမယ်လို့ ဒေါက်တာညိုထွန်းအောင်က ပြောကြားထားပါတယ်။
သူပုန်ဖြူကဗျာစာအုပ်ဟာ ရခိုင်၊ မြန်မာနှစ်ဘာသာနဲ့ ရေးသားဖော်ပြထားပြီး တော်လှန်ရေး ကာလအတွင်း ဖြတ်သန်းခဲ့ရတဲ့ စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးအကြောင်းအရာတွေ ရေးသားထားတယ်လို့ သိရပါတယ်။