Home » ရှမ်းတပ်နှစ်ဖွဲ့ တိုက်ပွဲဖြစ်၊ SSPP တပ်သား ၅ ဦးကို ဖမ်းမိဟု ထုတ်ပြန်

ရှမ်းတပ်နှစ်ဖွဲ့ တိုက်ပွဲဖြစ်၊ SSPP တပ်သား ၅ ဦးကို ဖမ်းမိဟု ထုတ်ပြန်

by Homeland Author

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS/SSA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီက – SSPP/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး SSPP တပ်သား ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ RCSS က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

မနေ့က ဇူလိုင် ၂၁ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့ပြီး RCSS က SSPP တပ်သား ၅ ဦးနဲ့ သေနတ် ၉ လက်အပါအဝင် လက်နက်တစ်ချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ရှမ်းတပ်နှစ်ဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCSS တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ရှမ်းအချင်းချင်း ပြန်မတိုက်ချင်တာကြောင့် RCSS ဆီမှာ အလင်းဝင်လာတဲ့ တပ်သားတစ်ချို့လဲ ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သျှမ်းအရပ်ဖက်အဖွဲ့အစည်းတွေ၊ သံဃာတော်တွေ၊ သျှမ်းလူထုတွေကတော့ RCSS နဲ့ SSPP တို့ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းအကြား တိုက်ပွဲမဖြစ်ပွားဖို့ အစဉ်တစ်စိုက် တောင်းဆိုလျက်ရှိနေပါတယ်။

related posts

Leave a Comment