4



လေ့ကျင့်ပျံသန်းနေစဉ် ပျောက်ဆုံးသွားတဲ့ တိုက်လေယာဉ်ဟာ ကရင်နီ (ကယား)ပြည်နယ် ဖားဆောင်းမြို့အနီး ပျက်ကျသွားတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတိုက်လေယာဉ်ဟာ ဖားဆောင်းမြို့အောက်ဘက်မှာ ပျက်ကျနေတာဖြစ်ပြီး အပျက်အစီးတွေရှာတွေ့ပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ တိုက်လေယာဉ်ဟာ ဇူလိုင် ၁ ရက် ညကတည်းက ခရီးဝေး လေ့ကျင့်ပျံသန်းချိန် အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ ဇူလိုင်လ ၃ ရက်နေ့မနက်မှာ သတင်းထုတ်ပြန်ထားတာပါ။
အဆိုပါ တိုက်လေယာဉ်ဟာ ဖားဆောင်းမြို့နဲ့ ၂ မိုင်အကွာလောက်မှာ ပျက်ကျနေတာဖြစ်ပြီး အလောင်းနှစ်လောင်း တွေ့ရှိတယ်လို့ ဆိုပါတယ်။


