12



စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း အင်းတော်မြို့နယ် နဘားကျေးရွာလမ်းဆုံကို စစ်တပ်က ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Indaw Revolution-IR က ထုတ်ပြန်ပါတယ်။
စစ်တပ်က လေကြောင်းနဲ့ မနက် ၅ နာရီ ၄၅ မိနစ် နဲ့ ၅ နာရီ ၅၁ မိနစ်တို့မှာ ဗုံး (၂) လုံးချခဲ့ပြီး နဘားလမ်းဆုံရှိ ရန်အောင်မင်္ဂလာဘုန်းကြီးကျောင်း ပျက်ဆီးခဲ့သလို ခရီးသွားအမျိုးသမီးတစ်ဦး ဦးခေါင်း မှန်စထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄၊ ဩဂုတ် ၁၆ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ၈ လနီးပါး ကြာမြင့်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက် ည ၈ နာရီဝန်းကျင်မှာ တော်လှန်ရေးအင်အားစုတို့က အပြီးသတ်သိမ်းပိုက်ထားပါတယ်။


