Home စစ်ရေး စစ်တပ်မှ ရှမ်းလူထုအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု မမေ့ဖို့ တိုက်တွန်း

စစ်တပ်မှ ရှမ်းလူထုအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု မမေ့ဖို့ တိုက်တွန်း

by Homeland Author

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကျေးရွာနှစ်ခုမှာ မြန်မာစစ်တပ်မှ ဒေသခံပြည်သူ ၅၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုကို ဘယ်တော့မှ မမေ့ကြဖို့ Tai Students’ Union က ဒီကနေ့ ဇွန်လ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်မှ ၁၉၉၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ ရှမ်းလူထုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာဟာ ဒီကနေ့မှာ ၂၈ နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉၆ – ၂၀၀၀ ခုနှစ် ဝန်းကျင်ကာလတွေမှာ စစ်တပ်မှ သျှမ်းပြည်အတွင်း ဖြတ်လေးဖြတ်စစ်ဆင်ရေးကို အကြောင်းပြု၍ အရက်စက်ဆုံးသော စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ကာလတွင်သာမဟုတ် စစ်တပ်မှာ ၁၉၅၀ ခုနစ် သျှမ်းပြည်အတွင်းသို့ ဝင်ရောက်လာတဲ့အချိန်မှစ၍ ဒီနေ့အချိန်အထိ သျှမ်းပြည်သူတို့အပေါ် မရေတွက်နိုင်တဲ့ စစ်ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့ပြီး အဲဒီကျူးလွန်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု အခုချိန်ထိမရသေးဘူးလို့ ဆိုပါတယ်။

နှစ်ရှည်လများ ဖိနှိပ်ခံခဲ့ရတဲ့ ပြည်သူတို့ရဲ့ အသက်သွေးချွေးတို့ကို ထောက်ထားကာ သျှမ်းတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မြန်မာစစ်တပ် နဲ့ လက်တွဲမှုမပြုကြဖို့ ဘုံရန်တူကို မမေ့ဘဲ စည်းလုံးစွာတော်လှန်သွားကြဖို့ Tai Students’ Union က တောင်းဆိုထားပါတယ်။

related posts

Leave a Comment