6



စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ ထံသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော် ၃ ဦး ဒီကနေ့ ဇွန်လ ၅ ရက်မှာ လာရောက်ပူးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အလင်းဝင် ပူးပေါင်းခဲ့တဲ့ PDF ရဲဘော်သုံးဦးအား တစ်ဦးကို ငွေကျပ် ၁၀ သိန်းကိုလည်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ SNA နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။


