Home စစ်ရေး လေးနှစ်အတွင်း ပကဖ ရဲဘော် တစ်ထောင်ကျော် ကျဆုံးခဲ့ဟု ဆို

လေးနှစ်အတွင်း ပကဖ ရဲဘော် တစ်ထောင်ကျော် ကျဆုံးခဲ့ဟု ဆို

by Homeland Author

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ပကဖရဲဘော် တစ်ထောင်ကျော် ကျဆုံးခဲ့ကြောင်း NUG ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အွန်လိုင်းပေါ်မှာတော့ ပကဖ တွေ ဆိုးတဲ့အကြောင်း၊ ပ သုံးလုံးတွေရဲ့ မကောင်းသတင်းပဲ များသောအားဖြင့် တွေ့ရပါလိမ့်မှာ ဖြစ်ကြောင်း၊ မြေပြင်မှာ အသက်ပေးလှူနေကြတဲ့ သူတို့ ဘဝ တွေ လွယ်ကူမနေကြောင်း သူက ပြောပါတယ်။

ဒေါက်တာတူးခေါင်က “၂၀၂၄ တနှစ်တည်းမှာ တိုက်ပွဲအတွင်းကျဆုံး ပကဖ ၂၀၀ ကျော်ရှိသလို၊ ၄ နှစ်အတွင်း ၁ ထောင်ကျော်ပြီ လို့ စစ်ရုံး အစီရင်ခံစာအရ သိရပါတယ်။ ဒီနေ့ထိလဲ နေ့စဉ်ရက်ဆက် မြေပြင်မှာ ရန်သူနဲ့ ဘေးချင်းကပ် ရင်ဆိုင်နေရတာ သူတို့ပါပဲ” လို့ ပြောပါတယ်။

နေ့စဉ် လေယဉ်ဗုံး အန္တရာယ်ကြားမှာ အသက်ကိုဖက် နဲ့ ထုပ်ပြီး သွားလာလှုပ်ရှားနေရတာဖြစ်လို့ မချေမငံ ဆက်ဆံနေရတဲ့ အနေအထားမျိုးလဲရှိကောင်းရှိမယ်လို့ ၎င်းက ပြောပါတယ်။

တော်လှန်ရေးရံပုံငွေ လိုအပ်ချက်ပြည့်မှီဖို့ အပူတပြင်း လုပ်နေရတဲ့အချိန်လဲရှိကြောင်း၊ အားလုံးနားလည်ခွင့်လွတ်ပေးမယ်လို့ မျော်လင့်ကြောင်း ဒေါက်တာတူးခေါင်က ဆိုပါတယ်။

related posts

Leave a Comment