Home စစ်ရေး တပ်ပြေး ဒလန်တွေကို မန္တလေး PDF ဖော်ထုတ်နိုင်ဟု ဆို

တပ်ပြေး ဒလန်တွေကို မန္တလေး PDF ဖော်ထုတ်နိုင်ဟု ဆို

by Homeland Author

စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် မန္တလေး PDF ထံ ဝင်ရောက်လာသူအချို့ဟာ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ စေလွှတ်ထားတဲ့ ဒလန်တွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါ ဒလန်တွေဟာ တပ်သားစုဆောင်းရေးကာလအတွင်း အခြားလူငယ်တွေနဲ့ ရင်းနှီးမှုရရှိအောင် စနစ်တကျလုပ်ဆောင်ခဲ့ပြီး အမည်အရင်း၊ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေ တောင်းယူစုဆောင်းခဲ့သလို တပ်ကနေ စွန့်ခွာစေမယ့် အတွေးအခေါ်တွေပါ ဖြန့်ဝေခဲ့ပြီး တပ်ဖွဲ့ရဲ့ ရနိုင်သမျှ သတင်းအချက်အလက်တွေကို စုဆောင်းကာ တပ်ပြေးအဖြစ် စွန့်ခွာသွားတယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် သတင်းပေး ဒလန်တွေဟာ တပ်ပြေးပြီးနောက်ပိုင်းမှာလည်း ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေ တပ်ပြေးအောင် လှုံ့ဆော်တာတွေ ရှိသလို တပ်ကနေ စွန့်ခွာရမယ့် လမ်းကြောင်းတွေကိုပါ ပြသပေးနေပြီး တော်လှန်ရေးအင်အားစုတွေကြား စည်းလုံးမှု ပြိုကွဲအောင် လုပ်ဆောင်ကာ စစ်ရေးအသာရရှိအောင် ကြိုးပမ်းလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စနစ်တကျ တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ အဆိုပါ စစ်ဆင်ရေးအသွင် ထောက်လှမ်းရေးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) က ဗိုလ်မှူး ဒါမှမဟုတ် ဗိုလ်ကြီးလို့ ယူဆရတဲ့ စစ်ကောင်စီအရာရှိတစ်ယောက်က ကြိုးကိုင်ကြီးကြပ်ကာ အနီးကပ် လမ်းညွှန်မှုတွေ ပေးခဲ့တာကို စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ အသွင်ယူ ထောက်လှမ်းမှုကို ခံခဲ့ရတဲ့ ​မန္တလေး PDF အနေနဲ့ အချိန်မှီသိရှိခဲ့ပြီး တန်ပြန်ထောက်လှမ်းရေးလုပ်ဆောင်ကာ စစ်ကောင်စီရဲ့ ထောက်လှမ်းရေးယန္တရားလည်ပတ်ပုံကို စောင့်ကြည့်ဖော်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သူလျှိုဒလန်တွေဟာ မန္တလေး PDF တပ်ဖွဲ့အတွင်း အခြေခံစစ်ပညာ သင်တန်းဆရာ၊ ဆေးတပ်ဖွဲ့၊ ပြည်သူ့ရေးရာဌာနကြီးနဲ့ အမျိုးသမီးတပ်ရင်း၊ ရှေ့တန်းစစ်မြေပြင်နဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ သတင်းအချက်အလက်တွေကို စုံစမ်းထောက်လှမ်းရယူခဲ့တယ်လို့ သိရပါတယ်။

related posts

Leave a Comment