Home စစ်ရေး SNA တပ်မဟာ ၆၁၄ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

SNA တပ်မဟာ ၆၁၄ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

by Homeland Author

ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်မဟာ ၆၁၄ မှာ အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီကနေ့ မေလ ၁၅ ရက်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်သင်တန်းဆင်းပွဲကို SNA ထိန်းချုပ်ဒေသ ဗန်းမောက်မြို့နယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး သင်တန်းသား ၅၀၀ ကျော် ပါဝင်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

SNA ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှာ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရှမ်းနီလူငယ်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် SNA ဟာ ရှမ်းနီပြည်နယ် ရရှိရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေး၊ မြန်မာနိုင်ငံအထက်ပိုင်း ဒေသတွင်းရှိ ပြည်သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ ရှမ်းမျိုးနွယ်စုများအားလုံး စည်းလုံးညီညွတ်ရေး စတဲ့ မူ (၅) ချက်ကို ချမှတ်အကောင်အထည်‌ဖော်လျက်ရှိပါတယ်။

SNA ကို ကချင် နဲ့ စစ်တိုင်းအတွင်းရှိ တိုင်းဆာ၊ တိုင်းလုံ၊ တိုင်းနေ၊ တိုင်းမောဝ်၊ တိုင်းကဒူး၊ တိုင်းကနန်း၊ တိုင်းခွမ်၊ တိုင်းခမ်းတီး၊ တိုင်းနိုင်း- တိုင်းလိုင်- တိုင်းလျဲန် ခေါ် ရှမ်းနီ စတဲ့ ရှမ်းမျိုးနွယ်စုတွေကို ကိုယ်စားပြု ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

SNA ဟာ ကချင်ပြည်နယ်အတွင်း ပါဝင်နေတဲ့ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ဝိုင်းမော် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်၊ တမူး၊ ကလေး၊ ကသာ၊ ဝန်းသို စတဲ့ မြို့နယ်တွေကို စုစည်းပြီး ရှမ်းနီပြည်နယ်ရရှိရေး လှုပ်ရှားလျက်ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို တပ်မဟာ ၉၇၂၊ တပ်မဟာ ၈၉၁၊ တပ်မဟာ ၇၅၃၊ တပ်မဟာ ၆၁၄၊ တပ်မဟာ ၅၆၅ နဲ့ ဗဟိုဌာနချုပ်တစ်ခု စသဖြင့် ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

related posts

Leave a Comment