16
မြန်မာစစ်တပ်က လွဲ၍ ကျတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ လက်နက်စွန့်ကြပြီး ငြိမ်းချမ်းရေးမှာ လာရောက်ကြဖို့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။
မနေ့က မေလ ၁၁ ရက် ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
အပစ်အခတ် ရပ်စဲရေးကနေ ထာဝရငြိမ်းချမ်းရေးကို ရအောင် စစ်တပ်က လွဲ၍ ကျန်အဖွဲ့တွေ လက်နက်စွန်ဖို့ ကြိုးစားကြရန် ဒေါ်သက်သက်ခိုင်က တိုက်တွန်းခဲ့တာပါ။