Home စစ်ရေး ဒီပဲယင်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကျောင်းသား အများပြားသေဆုံး

ဒီပဲယင်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကျောင်းသား အများပြားသေဆုံး

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်းက အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားအပါအဝင် အများပြား ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ပေါင်း ၅၀၀ ဗုံး ၂ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကလေးငယ် ၁၀ ကျော် နဲ့ ကျောင်းဆရာမ ၂ ဦးရဲ့ အလောင်းကိုသာ ရရှိထားပြီး နောက်ထပ် ပျောက်ဆုံးနေသူ အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အိုးထိန်းတွင်းကျေးရွာရှိ စာသင်ကျောင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကြားကာလပညာရေးကျောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ စာသင်ကျောင်းကို စစ်ကောင်စီက ‌အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားပေမယ့်လည်း နိုင်ငံတစ်ဝန်းမှာ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ အဆိပ်ငွေ့ဗုံးတွေ ကြဲပြီး ထိုးစစ်ဆင်တာတွေကို လုပ်ဆောင်လျက်ရှိတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

related posts

Leave a Comment