ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပပြုလုပ်နေတဲ့ရင်ပြင်နီချီတက်ပွဲကို မြန်မာစစ်တပ် ကိုယ်စားပြုစစ်ရေးပြတပ်ဖွဲ့က ချီတက် စစ်ရေးပြနေတာပဲ ဖြစ်ပါတယ်။
ရင်ပြင်နီချီတက်ပွဲလို့ ခေါ်တဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ဇနီး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒေါက်တာဘရွှေနဲ့ ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ဇနီးအပြင် အခြားသော အရာရှိကြီးတွေလည်း ရောက်ရှိနေတာပါ။