Home စစ်ရေး SNA ကို တိုက်ခိုက်ဖို့ လူစုနေတဲ့ KIA/PDF ဒရုန်းနဲ့ တိုက်ခံရပြီး သေဆုံးမှုရှိဟု ပြော

SNA ကို တိုက်ခိုက်ဖို့ လူစုနေတဲ့ KIA/PDF ဒရုန်းနဲ့ တိုက်ခံရပြီး သေဆုံးမှုရှိဟု ပြော

by Homeland Author

စစ်ကိုင်းတိုင်း‌ဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ် စက်တောကျေးရွာမှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ကို တိုက်ခိုက်ဖို့ လူစုနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF တို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က SNA ကို တိုက်ခိုက်ဖို့ စက်တောကျေးရွာခန်းမမှာ KIA/PDF ၅၀ ဝန်းကျင် ရောက်ရှိလာပြီး စခန်းထိုင်ထားခြင်းကြောင့် SNA ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်ရာ PDF ဆေးမှူးတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရရှိသွားတယ်လို့ ဆိုပါတယ်။

အလားတူ မေလ ၅ ရက်နေ့မှာလည်း စက်တောကျေးရွာ စာသင်ကျောင်းမှာ KIA/PDF တို့ ထပ်မံ လူစုနေခြင်းကြောင်း SNA ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်ရာ PDF နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် မေလ ၆ ရက် မနက်ပိုင်းမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲအပြင် SNA ဖက်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် KIA/PDF ဖက်က ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ပမုံအထွက် စက်တောကို စစ်ကူလာတဲ့ KIA/PDF နှစ်ဆယ်ခန့် လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးတယ်လို့ ဆိုပါတယ်။

ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်မဟာ 614 လှုပ်ရှားနယ်မြေအတွင်း KIA နဲ့ ဗန်းမောက် PDF တို့က မကြာခဏဆိုသလို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဗန်းမောက်မြို့နယ် ရှမ်းနီကျေးရွာတွေဖြစ်တဲ့ ကြောင်လည်၊ ပင်းခါးကျေးရွာတွေကို KIA/PDF တို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဆိုပါ ကျေးရွာတွေလည်း ပျက်စီးခဲ့သလို ကျေးရွာသူ/ရွာသား ၄၀၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး အခြားဒေသသို့ ပို့ဆောင်လိုက်ကာ လက်ရှိအချိန်ထိ ပြန်လည်လွတ်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အလားတူ ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီသံဃာတော်တွေ၊ ရှမ်းနီအရေး လှုပ်ရှားသူတွေနဲ့ သျှမ်းနီစာယဉ်မှ တာဝန်ရှိသူတွေကို KIA/PDF တို့က ဖမ်းဆီးမှုများ လုပ်ဆောင်နေတယ်လို့ ဒေသခံများက ဆိုပါတယ်။

ပုံစာအညွှန်း – SNA ရဲ့ ဒရုန်းတပ်ဖွဲ့ကို တွေ့ရစဉ်။

related posts

Leave a Comment