စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA/PDF တို့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကြောင်လည်၊ ပင်းခါး ကျေးရွာသားတွေ ယနေ့ အချိန်ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ကြောင်လည်၊ ပင်းခါးကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ထို့နောက် ကြောင်လည်ကျေးရွာ နဲ့ ပင်းခါးကျေးရွာက ကျေးရွာသူ/ရွာသား ၄၀၀ ကျော်ကို KIA/PDF တို့က အခြားဒေသသို့ ပို့ဆောင်လိုက်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဒေသခံတစ်ဦးက “သံဃာတော်တွေ၊ ရွာသူရွာသားတွေနဲ့ ကလေးသူငယ်တွေကို KIA/PDF တို့ အတင်း အဓမ္မခေါ်ဆောင်သွားတာ အခုထိ ဘာသတင်းအစအနမှ မရသေးလို့၊ ၁ လပိုင်းကနေ အခုထိပဲ ဘာသတင်းအစအနမှ မရဘူး။ ကျန်နေတဲ့ မိသားစုဝင်တွေက စိတ်ပူနေကြပြီ” လို့ ပြောပါတယ်။
KIA/PDF တို့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သူတွေကိုတော့ ခေါ်ဆောင်သွားတာဖြစ်ပြီး လက်ရှိ ၃ လကျော် ကြာမြင့်သည်အထိ ပြန်လွတ်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီသံဃာတော်တွေ၊ ရှမ်းနီအရေး လှုပ်ရှားသူတွေနဲ့ သျှမ်းနီစာယဉ်မှ တာဝန်ရှိသူတွေကို KIA/PDF တို့က ဖမ်းဆီးမှုများ လုပ်ဆောင်နေတယ်လို့ ဒေသခံများက ဆိုပါတယ်။
ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) လှုပ်ရှားဒေသအတွင်း KIA/PDF တို့က မကြာခဏဆိုသလို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


