Home ငြိမ်းချမ်းရေး TNLA နဲ့ MNDAA ခိုက်ရန်ဖြစ်ပွားမှု ပြေလည်ပြီဟု ဆို

TNLA နဲ့ MNDAA ခိုက်ရန်ဖြစ်ပွားမှု ပြေလည်ပြီဟု ဆို

by Homeland Author

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ဒီနေ့ မနက်ပိုင်းမှာ တအာင်းတပ်ဖွဲ့ (TNLA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ နှစ်ဖက်တပ်အကြား ခိုက်ရန်ဖြစ်ပွားမှု ပြေလည်ပြီဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ကွတ်ခိုင်မြို့လယ် ပြည်ထောင်စုကားလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ခိုက်ရန်ဖြစ်ပွားမှုဟာ ကြီးမားတဲ့ ပြဿနာ မဟုတ်ဘဲ ရဲဘော်အကြား ဘာသာစကား မပေါက်၍ နားလည်မှု လွှဲမှားခြင်းသား ဖြစ်တယ်လို့ ဆိုပါတယ်။

MNDAA တပ်ဖွဲ့ဝင်တွေဟာ အင်အားအလုံးအရင်းနဲ့ ပြည်ထောင်စုလမ်းမကို ပိတ်ဆို့ပြီး ဖြတ်သန်းသွားလာတဲ့ ကားတွေ ရပ်စေပြီး အလှူငွေကောက်ခံရာ TNLA ရဲ့တပ်ဖွဲ့ ယာဉ်ထိန်းဌာန တာဝန်ရှိသူတစ်ဦးက TNLA လူကြီးခရီးစဉ်ရှိ၍ လူကြီးရောက်ခါနီးနေပြီဖြစ်တဲ့အတွက် ခေတ္တလမ်းဖွင့်ဖို့ သွားရောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဘာသာစကား မပေါက်တဲ့အတွက် နှစ်ဖက်တပ်ဖွဲ့တွေအကြား အနည်းငယ် အငြင်းအခုံ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ကိစ္စရပ် ဖြစ်ပွားပြီးနောက် နှစ်ဖက်တာဝန်ရှိသူတွေမှ ညှိနှိုင်းဖြေရှင်းရာ ပြေလည်မှုရရှိပြီးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ TNLA ထိန်းချုပ် မြို့နယ်တိုင်းမှာ ပြည်သူလူထုတွေ တတ်အားသမျှ ငလျင်ဘေးသင့်လူထုကို ကူညီဖေးမနိုင်ဖို့ တတ်ကြွစွာ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

related posts

Leave a Comment