Home စစ်ရေး SSPP သေနတ်ဖောက်တဲ့ကိစ္စ ဖြေရှင်းဖို့ TNLA စာပို့

SSPP သေနတ်ဖောက်တဲ့ကိစ္စ ဖြေရှင်းဖို့ TNLA စာပို့

by Homeland Author

မိုးမိတ်မြို့နယ်အတွင်း တပ်စွဲထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကို အခြားနေရာသို့ ရွေ့ဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က သွားရောက်စဉ် SSPP ဘက်က သေနတ်ပစ်ဖောက်မှု ဖြေရှင်းဖို့ TNLA က စာပို့အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က မိုးမိတ်မြို့နယ် မန်ဖွေးကျေးရွာဟောင်း စေတီကုန်း (လွယ်ကောင်းမူ) မှာ တပ်စွဲထားတဲ့ SSPP တပ်ဖွဲ့တွေကို အခြားနေရာသို့ ရွေ့ပြောင်းဖို့ သွားရောက်ချိန် SSPP ဒုရင်းမှူး စဝ်လု ဦးဆောင်ပြီး TNLA ကို လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်ခဲ့တာလို့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

SSPP အနေနဲ့ မဟာမိတ်ဂုဏ်သိက္ခာ နဲ့ လူကြီးမင်းတို့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို တာဝန်ခံမှု ရှိစွာနဲ့ အဆိုပါ ကိစ္စရပ်ကို လာရောက် မဖြေရှင်းပါက နောက်ဖြစ်ပေါ်လာမယ့် ဘယ်လိုပြဿနာကိုမဆို SSPP မှ တာဝန်ယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့က SSPP နဲ့ TNLA တပ်ဖွဲ့တို့အကြား သီပေါမြို့နယ်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ထို့အတူ SSPP နဲ့ TNLA တို့ဟာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA/UWSP) ဦးဆောင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးမှု ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

related posts

Leave a Comment