Home စစ်ရေး KIA ကာကင်းစခန်း ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ သိမ်းပိုက်ဟု ဆို

KIA ကာကင်းစခန်း ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ သိမ်းပိုက်ဟု ဆို

by Homeland Author

တနိုင်း – မြစ်ကြီးနားလမ်း လဝါးကျေးရွာ နဲ့ ခွန်ဆိုင်ယန်ကျေးရွာတွေမှာ အခြေပြုကာဂိတ် နဲ့ ကာကင်းစခန်းတွေ ဆောက်လုပ်တပ်စွဲထားတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ တပ်နေရာတွေကို သိမ်းပိုက်ခဲ့တယ်လို့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက် မနက် ၆ နာရီခန့်ကလည်း KIA တပ်မဟာ ၂၊ တပ်ရင်း ၁၄ နယ်မြေက ကာကင်းစခန်း နှစ်ခုကို စစ်ကောင်စီတပ် နဲ့ ဝါရာဇွပ် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တနိုင်းလမ်း လီဒိုလမ်းမပေါ်မှာ KIA နဲ့ စစ်ကောင်စီတပ်၊ ဝါရာဇွပ် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။

တဖက်မှာလည်း KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့က ဗန်းမော်မြို့သိမ်း တိုက်ပွဲ ဆင်နွှဲနေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

related posts

Leave a Comment