Home စစ်ရေး နာဂနှစ်သစ်ကူးပွဲတော်ကို နှောက်ယှက်ခြင်း မလုပ်ဖို့ NSCN-K/AngMai ကြေညာချက် ထုတ်

နာဂနှစ်သစ်ကူးပွဲတော်ကို နှောက်ယှက်ခြင်း မလုပ်ဖို့ NSCN-K/AngMai ကြေညာချက် ထုတ်

by Homeland Author

နာဂနှစ်သစ်ကူးပွဲတော် ကျင်းပခြင်းနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းမှ နှောက်ယှက်ဟန့်တားခြင်းမျိုး မပြုဖို့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K/AngMai) အဖွဲ့က မနေ့က ဇန်နဝါရီ ၁၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၅ နေ့မှာ ကျရောက်မယ့် ၃၆ ကြိမ်မြောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လဟယ်၊ နန်းယွန်း၊ လေရှီး၊ ပန်ဆောင်အပါအဝင် နာဂလူမျိုးတွေ နေထိုင်ရာ ဒေသအသီးမှာ ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် နာဂလူမျိုးတွေ အထွဋ်အမြတ်ထားရာ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဘယ်အဖွဲ့အစည်းကမှ နှောက်ယှက်ဟန့်တားခြင်း မပြုလုပ်ဖို့ တားမြစ်ချက် ထုတ်ပြန်တာလို့ ဆိုပါတယ်။

မြန်မာစစ်ကောင်စီက စီစဉ်ကျင်းပမယ့် နိုင်ငံတော်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လဟယ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လေရှီး၊ လဟယ် နဲ့ နန်းယွန်းမြို့နယ်တွေကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားပါတယ်။

related posts

Leave a Comment