Home စစ်ရေး မန္တလေး – PDF ထိန်းချုပ်ထားတဲ့ လက်ပံလှကျေးရွာ လေကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး အမျိုးသမီး ၃ ဦး သေဆုံး

မန္တလေး – PDF ထိန်းချုပ်ထားတဲ့ လက်ပံလှကျေးရွာ လေကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး အမျိုးသမီး ၃ ဦး သေဆုံး

by Homeland Author

မန္တလေး – PDF ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာကို မနေ့က မတ်လ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ‌ စစ်ကောင်စီက လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦး သေဆုံးသွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သားတွေ နေထိုင်ရာ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၃ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခဲ့တာကြောင့် ၃၁ ဦးအထိ သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ၊ မတ်လ ၄ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေက ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီက တစ်စထက်တစ်စ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ကို တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment