PDF ပကဖ နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အား နဲ့ အထွေထွေထိုးစစ်ကြီး တစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲကြဖို့ ဖြစ်လိမ့်မ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
တပ်မှူးသင်တန်းကို အပတ်စဉ် (၁) သင်တန်းဆင်းပွဲသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားခဲ့တာ ဖြစ်ပြီး အဲဒီထိုးစစ်ဟာ စစ်အာဏာသိမ်းမှုကို အဆုံးသတ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။
PDF ကို ထူထောင်ရာမှာ လက်နက်ကိုင် နွေဦးအင်အားစု အားလုံးကို အလံတော်တစ်ခုအောက်မှာ စုစည်းရင်း ပြည်သူ့တော်လှန်ရေးတစ်ရပ် ဆင်နွှဲကြဖို့၊ စနစ်ပြောင်းရေး ဦးတည်တဲ့ တော်လှန်ရေးဖြစ်တဲ့ အားလျော်စွာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့ လျော်ညီတဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ထောင်တဲ့အခါ အမြူတေဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေး အစောပိုင်းကာလတွေမှာ တပ်တည်ဆောက်ရင်း တစ်ဖက်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့် ကြိုးစားခဲ့ကြောင်း၊ ဒုတိယအဆင့်အနေနဲ့ လူထုအင်အားစုစည်း၊ မဟာဗျူဟာထိုင်းစစ်ဆင်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲကာ အတွေ့အကြုံတွေ ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ပြောပါတယ်။
တတိယအဆင့်အနေနဲ့ အထွေထွေ ထိုးစစ်ကြီး ဆင်နွှဲ့ကြရန်ဖြစ်ပြီး အဲဒီထိုးစစ်ကြီးက စစ်အာဏာသိမ်းမှုကို အဆက်သတ်ပေးလိ့မ်ဟု ယုံကြည်တယ်လို့ အမှတ် (၁) စစ်ဒေသမှာ ပြုလုပ်တဲ့ တပ်မှူးသင်တန်းဆင်းပွဲ ပေးပို့တဲ့ သဝဏ်လွှာမှာ ဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။