Home စစ်ရေး PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကျင်းပ

PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကျင်းပ

by Homeland Author

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာ လွတ်မြောက်ဒေသ တနေရာမှာ ကျင်းပခဲ့တယ်လို့ PLA က ထုတ်ပြန်ပါတယ်။

အဆိုပါ အခမ်းအနားမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်ကို လွှင့်တင်တာ၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလံတော် နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်ကို တပ်မှူးတပ်သားအပေါင်းမှ အလေးပြုတာ၊ ကျဆုံးရဲဘော်တွေကို သေနတ်ပစ်ဖောက်၍ အလေးပြုတာ၊ ပြည်သူ့တပ်မတော်သီချင်း သီဆိုတာ၊ စစ်ရေးပြ ချီတက်တာ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ကို ချီတက်အလေးပြုတာနဲ့ ခေါင်းဆောင်တွေက မိန့်ခွန်းပြောကြားတဲ့ အစီအစဉ်တွေနနဲ့ ကျင်းပခဲ့ကြတယ်လို့ ဆိုပါတယ်။

“ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ခြေတလှမ်းတိုင်းဟာ အဖိနှိပ်ခံပြည်သူလူထုရဲ့ အကျိုးစီးပွားမှတပါး အခြားမရှိ”၊ “ရန်သူတကာ ကြောက်ဒူးတုန်ပါစေ၊ ပြည်သူအပေါင်း ရွှင်လန်းအားတက်ပါစေ” စသဖြင့် PLA က ကြွေးကြော်ထားပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်မတော်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ရာမှာ ဒီကနေ့မှတော့ ၄ နှစ် ပြည့်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့သလို လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။

related posts

Leave a Comment