7



သတင်းဓါတ်ပုံ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်မဟာ ၆၁၄ နဲ့ ဒေသတွင်းနေ ပြည်သူလူထုတို့ ပူးပေါင်း၍ ကျောင်းအပ်နှံရေး အခမ်းအနားကို ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားကို ဗန်းမောက်မြို့နယ်အနောက်ခြမ်း မံစီကြီးဒေသစိတ် အရှေ့ကုန်းကျေးမှာ ပြုလုပ်ခဲ့ပြီး SNA တပ်မဟာ ၆၁၄ သက်ဆိုင်ရာလူကြီးတွေနဲ့အတူ ပညာရေးဝန်ထမ်းတွေ ပြည်သူတွေ တက်ရောက်ခဲ့ကြပြီး ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ ဗန်းမောက်မြို့ အထကမှာလည်း ကျောင်းသား/ကျောင်းသူ ၁၅၀၀ ခန့် တက်ရောက် ပညာသင်ကြားနေတယ်လို့ သိရပါတယ်။


