16



စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်၊ မံစီကြီးဒေသစိတ်၊ အရှေ့ကုန်းကျေးရွာ ရိုးရာကွင်းအတွင်း ကျင်းပတဲ့ ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်သို့ စစ်ကောင်စီရဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ အဆိုပါ ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ကဒူးတိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒေသခံ တိုင်းရင်းသားတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည် တော်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


