ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်မဟာ ၆၁၄ ထိန်းချုပ်ဒေသ ဗန်းမောက်မြို့နယ်မှာ ကဒူးတိုင်းရင်းသားများရိုးရာပွဲတော် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဧပြီ ၂၂ ရက်နေ့မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ဗန်းမောက်မြို့နယ်၊ မံစီကြီးဒေသစိတ် ကျောက်တန်း၊ အရှေ့ကုန်း၊ သရက်ကုန်း၊ လွင်ကြီး၊ ဝေသုခီ ကျေးရွာ ၅ ရွာမှ ကဒူးတိုင်းရင်းသားတွေက စုပေါင်း ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါ ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ၎င်းတို့ ထိန်းချုပ်ဒေသတွေမှာ လူနည်းစုတွေရဲ့ ရိုးရာ၊ ဓလေ့၊ ပွဲတော်တွေကို ကန့်သတ် ပိတ်ပင်ခြင်း မရှိဘဲ လွတ်လပ်စွာ ကျင်းပခွင့် ပြုထားသလို ကူညီထောက်ပံ့မှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။







