Home စစ်ရေး ကွတ်ခိုင်မြို့နယ် မုံးစီးရွာမှာ MNDAA က ပစ်ခတ်၍ KIA ၂ ဦးနဲ့ ဒေသခံ ၄ ဦး သေဆုံး

ကွတ်ခိုင်မြို့နယ် မုံးစီးရွာမှာ MNDAA က ပစ်ခတ်၍ KIA ၂ ဦးနဲ့ ဒေသခံ ၄ ဦး သေဆုံး

by Homeland Author

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာမှာ ရွှေတူးဖော်နေမှုကို ဒေသခံတွေက သွားရောက်ကန့်ကွက်ရာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပစ်ခတ်တာကြောင့် ကချင်တပ် (KIA) တပ်သား ၂ ဦး နဲ့ ဒေသခံ ၄ ဦး သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မတ်လ ၅ ရက်နေ့က MNDAA ရဲ့ ခွင့်ပြုချက်နဲ့ ရွှေတူးဖော်မှုကို ဒေသခံတွေက သွားရောက်ကန့်ကွက်ပြီး နှစ်ဖက်အချင်းများခဲ့ပြီးနောက် MNDAA ဖက်က သေနတ်နဲ့ ပစ်ခတ်လိုက်တာလို့ ဆိုပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မုံးစီးမှာရှိတဲ့ MNDAA မြို့နယ်ရုံးကို ကချင်ဒေသခံတွေက သေဆုံး ရုပ်အလောင်းနဲ့အတူ လာရောက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိ ကွတ်ခိုင်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထိန်းချုပ်ထားပြီး မုံးစီးဒေသကို MNDAA က ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA နဲ့ MNDAA ကြားလည်းကောင်း၊ KIA နဲ့ TNLA ကြား လည်းကောင်း နယ်မြေအငြင်းပွားမှုတွေ မကြာခဏ ဖြစ်ပွားလျက် ရှိနေပါတယ်။

related posts

Leave a Comment