Home ကျန်းမာရေး ဟုမ္မလင်း၊ သဖန်းကုန်းမှာ ကိုယ်ထူကိုယ်ထ ကျေးလက်ဆေးပေးခန်း ဖွင့်လှစ်

ဟုမ္မလင်း၊ သဖန်းကုန်းမှာ ကိုယ်ထူကိုယ်ထ ကျေးလက်ဆေးပေးခန်း ဖွင့်လှစ်

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ဟဲခမ်းကျေးရွာအုပ်စု၊ သဖန်းကုန်းကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ကိုယ်ထူကိုယ်ထ ကျေးလက်ဆေးပေးခန်းဖွင့်ပွဲအခမ်းအနားကို မနေ့က ဇန်နဝါရီ ၂၇ ရက်မှာ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ကိုယ်ထူကိုယ်ထ ကျေးလက်ဆေးပေးခန်းဖွင့်ပွဲအခမ်းအနားကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ သျှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ နဲ့ ဒေသခံ ပြည်သူလူထုတွေ တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။

လက်ရှိ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်လျက်တွေရှိနေတာကြောင့် ကိုယ်ထူကိုယ်ထ ကျေးလက်ဆေးပေးခန်းတွေ ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။

related posts

Leave a Comment