စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့ပေါ်မှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က တတိယအကြိမ် ကလေးသူငယ်တွေကို ငှက်ဖျားနဲ့ တုတ်ကွေး ကာကွယ်ဆေး ထပ်မံ၍ ထိုးနှံပေးနေတယ်လို့ သိရပါတယ်။
SNA ဦးဆောင်မှုနဲ့အတူ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့မှ ဇူလိုင် ၃ ရက်နေ့အထိ ပထမအကြိမ်၊ ဩဂုတ် ၁ ရက်နေ့မှာ ၃ ရက်နေ့အထိ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပြီး လက်ရှိမှာ တတိယအကြိမ် ထိုးနှံပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း SNA က ၎င်းတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ပြည်သူလူထုအတွက် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေမှာ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်လျက်ရှိနေတယ်လို ဒေသခံတွေက ပြောပါတယ်။
တဖက်မှာလည်း SNA ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏ ဆိုသလို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေပြီး ဗန်းမောက်မြို့သိမ်းတိုက်ပွဲဖော်ဆောင်ရေး လူအင်အားတွေ စုဆောင်းလျက်ရှိနေတယ်လို့ သိရပါတယ်။





