Home ကျန်းမာရေး ဗန်းမောက်မှာ SNA က လူထုကို ငှက်ဖျားနဲ့ တုတ်ကွေးကာကွယ်ဆေး ထိုးပေး

ဗန်းမောက်မှာ SNA က လူထုကို ငှက်ဖျားနဲ့ တုတ်ကွေးကာကွယ်ဆေး ထိုးပေး

by Homeland Author

ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်မဟာ ၆၁၄ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့ပေါ်က ပြည်သူလူထုတွေကို ငှက်ဖျားနဲ့ တုတ်ကွေး ကာကွယ်ဆေး ထိုးပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဇူလိုင် ၁ ရက်နေ့က စတင်ထိုးပေးနေပြီး ဇူလိုင် ၃ ရက်နေ့အထိ ထိုးပေးသွားမှာ ဖြစ်ကြောင်း၊ လက်ရှိ ပြည်သူ ၃၀၀ ကျော်ခန့် လာရောက် ထိုးနှံကြတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့ပေါ်မှ ပြည်သူလူထုအပြင် ကျေးလက်ဒေသရှိ ပြည်သူလူထုတွေကိုလည်း လက်လှမ်းမီသမျှ ဆက်လက်ထိုးနှံသွားမှာဖြစ်ကြောင်း SNA နဲ့ နီးစပ်သူထံက သိရပါတယ်။

ဗန်းမောက်မြို့နယ်မှာ ပြီးခဲ့တဲ့ မေလအတွင်းက ငှက်ဖျားရောဂါကူးစက်မှုစတင်ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် ဇွန်မှာတော့ ငှက်ဖျားရောဂါဖြစ်ပွားမှု ပျံ့နှံ့လာခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါကြောင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ဟာ ဒေသတွင်းနေပြည်သူလူထုတွေကို ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ ငှက်ဖျားနဲ့ တုတ်ကွေးကာကွယ်ဆေး ထိုးပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

တဖက်မှာလည်း SNA ထိန်းချုပ်နယ်မြေ ဗန်းမောက်မြို့နယ်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ၎င်း လက်အောက်ခံတပ်ဖွဲ့တွေ ဖြစ်တဲ့ ဗန်းမောက် PDF-K4၊ ပကဖ၊ ကဒူးတပ်ဖွဲ့ (KA) တို့က SNA ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment