19
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အာဏာရှင်လို့ စိတ်ကူးယဉ်နေတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
BNRA ဟာ NUG လက်အောက်မှာမနေတာကြောင့် NUG နဲ့ ERO တွေနဲ့ပူးပေါင်း၍ ၎င်းတို့အဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်းလည်း ဗိုလ်နဂါးက ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးမှ ထွက်ခွာသွားသူတွေကို အပြစ်မတင်လိုကြောင်းနဲ့ တော်လှန်ရေးရဲ့ မူလရည်ရွယ်ချက်တွေ ပျက်ယွင်းနေပါက အသက်၊ ဘဝနဲ့ ကိုယ်လက်အင်္ဂါတွေ ထပ်မံပေးဆပ်ဖို့ မတန်တော့ကြောင်း ဗိုလ်နဂါးက ပြောကြားခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဗိုလ်နဂါးဦးဆောင်တဲ့ BNRA အဖွဲ့နဲ့ NUG လက်အောက်ခံတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်မှာ ဗိုလ်နဂါးဟာ မိသားစုနဲ့အတူ မြန်မာစစ်တပ်ထံ လက်နက်ချခဲ့သူ ဖြစ်ပါတယ်။