Home » သမ္မတသစ်နဲ့ တပ်ချုပ်သစ်ကို SNA က သဝဏ်လွှာပို့

သမ္မတသစ်နဲ့ တပ်ချုပ်သစ်ကို SNA က သဝဏ်လွှာပို့

by Homeland Author

အခုလက်ရှိ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကနေ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပို့လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ဒုတိယသမ္မတ (၁) ဦးညှိစော၊ ဒုတိယသမ္မတ (၂) ဒေါ်နန်းနီနီအေးတို့ အသီးသီး ရွေးချယ်ခံရတဲ့အပေါ် များစွာဝမ်းမြောက်ဂုဏ်ယူမိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ကိုလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်လို့ ဆိုပါတယ်။

သမ္မတသစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို SNA အပြင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ကလည်း အသီးသီး သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

related posts

Leave a Comment