Home » နာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ KK Park ကို စစ်တပ် ဝင်သိမ်း

နာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ KK Park ကို စစ်တပ် ဝင်သိမ်း

by Homeland Author

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ KK Park ကို စစ်တပ်က ဝင်ရောက်ရှင်းလင်းသိမ်းဆည်းခဲ့တယ်လို့ မနေ့က အောက်တိုတာ ၁၉ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ဝင်ရောက်သိမ်းချိန်မှာ တိုက်ပွဲကြီး ၆ ကြိမ်၊ တိုက်ပွဲငယ် ၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အလောင်း ၁၀ လောင်း၊ လက်နက်မျိုးစုံ ၁၆ လက် နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

KK Park အတွင်းမှ ထူးခြားလက္ခဏာမတွေ့သော်လည်း တရားမဝင်ဆက်သွယ်မှုဆောင်ရွက်ရန် ရည်ရွယ်တပ်ဆင်ထားတဲ့ Star Link စလောင်း ၃၀ စုံ နဲ့ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် ဆောက်လုပ်ပြီးအဆောက်အအုံ ၁ ထပ် တိုက် ၁၀ လုံး၊ ၂ ထပ်တိုက် ၁၀၀ လုံး၊ ၄ ထပ်တိုက် ၂၀ လုံး နှင့် ၅ ထပ်တိုက် ၂ လုံး၊ ၁ ထပ်တိုက် ဈေးဆိုင်ခန်း ၂၀ လုံး၊ ၂ ထပ်တိုက် ဈေးဆိုင်ခန်း ၃၀လုံး၊ ၁ ထပ်တိုက် ဂိုထောင် ၁၅ လုံး၊ ၂ ထပ်တိုက် ဂိုထောင် ၂၀ လုံး၊ ၄ ထပ်တိုက် ဂိုထောင် ၁၀ လုံး၊ ဆောက်လုပ်ဆဲ ၂ ထပ်တိုက် ၂၁ လုံး၊ ၃ ထပ်တိုက် ၁၀ လုံး၊ ၄ ထပ်တိုက် ၅ လုံး၊ ၅ ထပ်တိုက် ၅ လုံးနှင့် ၁ ထပ်တိုက် ဆေးပေးခန်း ၂ ခန်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အဆောက်အအုံများအတွင်းမှ အလုပ်သမား အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး နှင့် လုံခြုံရေး ၉၈ ဦး၊ စုစုပေါင်း ၂၁၉၈ ဦးကို တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ KK Park ဝန်းအတွင်းရှိ အဆောက်အအုံတွေ ဆောက်လုပ်ထားရှိမှု၊ မြေပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်၍ နိုင်ငံတော်ရဲ့ တရားဝင်ခွင့်ပြုမိန့်၊ မြေပိုင်ဆိုင်မှုအထောက်အထား၊ ဟိုတယ် နဲ့ ခရီးသွားလာရေးရဲ့ ဆောင်လုပ်ခွင့်ပြုမိန့်နဲ့ပတ်သက်၍ စစ်ဆေးတွေ့ရှိခြင်း မရှိတာကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိတဲ့အတွက် အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ စိုးမိုးထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ် လေးကေ့ကော်ဒေသရှိ ရှုခင်းသာ၊ စွယ်တော်ကုန်းစခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း တချိန်တည်း KK Park ကိုလည်း ဝင်ရောက်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

related posts

Leave a Comment