Home နိုင်ငံရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံ

by Homeland Author

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်းလင်း နဲ့ အာရက္ခတပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ကင်မ်ခဲရစ်က ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဖက်ဒရယ်မြန်မာပြည်အတွက် ညီညွတ်ခိုင်မာသော အင်အားဟု ရေးသားခဲ့ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားကြောင်း၊ ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။

ကင်မ်ခဲရစ်က “ကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်အ။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။

ဒါ့အပြင် AA တပ်ဖွဲ့တွေရဲ့ အချိန်တိုအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုမိကြောင်း၊ ရခိုင်ပြည်သူတွေ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေ နဲ့ စစ်ဘေးရှောင်နေစဉ် ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ပိုမိုသိရှိနားလည်ခဲ့တယ်လို့ ကင်မ်ခဲရစ်က ဆိုပါတယ်။

“ကျွန်တော်ကလည်း ကိုထွန်းမြတ်နိူင်နဲ့ သူရဲ့တပ်ဖွဲ့များရဲ့ အချိန်တိိုတိုမှာ ရရှိခဲ့တဲ့ အောင်မြင်မှုများကို အင်မတန်ချီးကျူး ဂုဏ်ပြုမိကြောင်း ပြောခဲ့တယ်။ သူ့ဆီကနေ ရခိုင်ပြည်သူများကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနဲ့ စစ်ရှောဘေးရှောင်နေစဉ် ရင်ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ပိုမိုသိရှိနားလည်ခဲ့ရတယ်။ သူတို့ရဲ့ ကြံ့ကြံ့ခံ ဇွဲရှိသည်းခံမှုတွေဟာ မြန်မာနိုင်အနှံ့မှာ အတူတကွ လက်တွဲလုပ်ဆောင်မှု အင်မတန်လိုအပ်တယ်ဆိုတာ သတိပေးနေတယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မိမိတို့ နှစ်ဦး ယုံကြည်ရတဲ့မိတ်ဆွေတွေ အနေနဲ့ရှိဖို့၊ တစ်ဦးကို တစ်ဦး ပံ့ပိုးကူညီဖို့၊ လူတိုင်း ဂုဏ်သိက္ခာ နဲ့ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာအောင် ဆက်လက် ကြိုးပမ်းသွားဖို့သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

related posts

Leave a Comment