Home » မြို့သိမ်းတိုက်ပွဲမှာ TNLA နဲ့အတူ ပါဝင်ခဲ့တဲ့ လီဆူတပ်ဖွဲ့ စစ်တပ်နဲ့ ပူးပေါင်း

မြို့သိမ်းတိုက်ပွဲမှာ TNLA နဲ့အတူ ပါဝင်ခဲ့တဲ့ လီဆူတပ်ဖွဲ့ စစ်တပ်နဲ့ ပူးပေါင်း

by Homeland Author

၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်ဖွဲ့ (TNLA) နဲ့အတူ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ ဦးဂူဆီး ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ်နဲ့ သွားရောက်ပူးပေါင်းခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

သျှမ်းပြည် မိုးကုတ်နဲ့ မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ကာလအတွင်း ဦးဂူဆီး ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဟာ မိုးကုတ်မြို့ လုံခြုံရေးအတွက် TNLA နဲ့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို မြန်မာစစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် လီဆူတပ်ဖွဲ့ဝင်တချို့ဟာ သူတို့ရဲ့ ဇာတိဒေသတွေကို ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ TNLA က ပြောပါတယ်။

အဲဒီနောက် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ ဦးဂူဆီး ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော်ဟာ လက်နက်ခဲယမ်း ၅၀ ဝန်းကျင်နဲ့အတူ မြန်မာစစ်တပ်ထံ သွားရောက်ပူးပေါင်းခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဦးဂူဆီး ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ လိုက်နာစောင့်ထိန်းရမယ့် ကတိသစ္စာကို ဖောက်ဖျက်ခဲ့တာကြောင့် TNLA နဲ့ သက်ဆိုင်မှုမရှိတော့ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲဒီတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး ပြည်သူတွေအပေါ် ဖိနှိပ်စော်ကားတာတွေ လုပ်ဆောင်လာပါက အရေးယူဆောင်ရွက်သွားမယ်လို့ TNLA က ပြောပါတယ်။

related posts

Leave a Comment